International ဓာတ်ကြိုးနဲ့ငြိပြီး တွဲလောင်းဖြစ်နေတဲ့ ပါရာဂလိုက်ဒါ - BBC News မြန်မာ အိန္ဒိယမြောက်ပိုင်း မန်ဒီမြို့မှာ ရုရှားလူမျိုး ပါရာဂလိုက်ဒါစီးသူတစ်ယောက် မြေပြင်က မီတာ ၈၀ နီးပါးမှာ ဓာတ်အားပေးလိုင်းကြိုးတစ်ခုနဲ့ ငြိပြီး သုံးနာရီကြာအောင် တွဲလောင်းဖြစ်နေခဲ့ပါတယ်။
Source: BBC News November 11, 2026 at 6:21 PMအိန္ဒိယမြောက်ပိုင်း မန်ဒီမြို့မှာ ရုရှားလူမျိုး ပါရာဂလိုက်ဒါစီးသူတစ်ယောက် မြေပြင်က မီတာ ၈၀ နီးပါးမှာ ဓာတ်အားပေးလိုင်းကြိုးတစ်ခုနဲ့ ငြိပြီး သုံးနာရီကြာအောင် တွဲလောင်းဖြစ်နေခဲ့ပါတယ်။ အဲဒီဓာတ်အားလိုင်းက လျှပ်စစ်ဓာတ်အားအပြင်းစားလွှတ်ထားတဲ့ လိုင်းပါ။ သူဟာ ဂလိုက်ဒါစီးသူတွေ အလာများတဲ့ ဟီမာချာပရာဒက်ရှ်ပြည်နယ်က ဘီရာဘီလင်း စခန်းကနေ စထွက်လာခဲ့တာပါ။ သူ့ကို ဟိုက်ဒရောလစ်ကရိန်းနဲ့ ဆွဲချကယ်တင်ပေးခဲ့ပြီး ဒဏ်ရာတွေကုသပေးဖို့ ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ပါရာဂလိုက်ဒါ
နောက်ဆုံးရ ဗီဒီယို, ဓာတ်အားလိုင်းနဲ့ငြိပြီး တွဲလောင်းဖြစ်နေတဲ့ ပါရာဂလိုက်ဒါ, ကြာမြင့်ချိန် 0,32 ဗီဒီယို, ရှမ်းပြည်တောင်ပိုင်းမှာ မိုးများပြီး ရေကြီး, ကြာမြင့်ချိန် 2,23 ဗီဒီယို, ဂျာမနီသံရုံးယာယီတာဝန်ခံကို နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး, ကြာမြင့်ချိန် 3,53 ဗီဒီယို, အောက်စဖို့ဒ်ပြတိုက်က နာဂရုပ်ကြွင်းတွေ မူလဒေသဆီ ပြန်ပေးမယ်, ကြာမြင့်ချိန် 3,40